မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

  12/ May/ 2021

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၂၀၂၁ခုနှစ်၊ မေလ(၁၂)ရက်နေ့ နံနက်အစောပိုင်းက ထားဝယ်မြို့ အိုးလုပ်ရပ်မှ ကိုယ်အပူချိန်တက်နေသော ကလေးတစ်ဦးအား ထားဝယ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက နေအိမ်မှ ဆေးရုံသို့ ကြက်ခြေနီလူနာတင်ယာဥ် ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။ ထို့အတူ မေလ(၁၃)ရက်နေ့ ညပိုင်းကလည်း ရှမ္မလည်ဆွဲရပ်မှ ဆေးကုသမူခံယူရန် လိုအပ်တဲ့ကလေးတစ်ဦးနှင့် ပုံကျွန်းရပ်မှ အတက်ရောဂါဖြစ်နေသည့် လူနာတစ်ဦးတို့အား ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။