မိုင်းဖြတ်မြို့တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ဖွင့်လှစ်

  05/ May/ 2022

မိုင်းဖြတ်၊ မေလ(၅)ရက်။
      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ကာ ၂၀၂၂ခုနှစ်၊ မေလ(၁)ရက်နေ့တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းအား မိုင်းဖြတ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို မေလ(၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား/သူ စုစုပေါင်း (၃၀)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။