မိုးရွာသွန်းမှုကြောင့် တာချီလိတ်၌ ရေကြီးရေလျံမှုဖြစ်ရာတွင် ကြက်ခြေနီပါဝင်ကူညီ

  08/ Aug/ 2022

တာချီလိတ်၊ ဩဂုတ်လ (၈) ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် မိုးများစွာရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတ အသင်းများနှင့်အတူ ပူးပေါင်း ကူညီပေးခဲ့ပါသည်။
ထိုသို့ကူညီရာတွင် ရေစီးနှင်အတူ မျောပါသွားသော မော်တော်ယာဉ်နှင့် ယာဉ်မောင်းကိုလည်း ပြန်လည်တွေ့ရှိစေရန် ရှာဖွေရာတွင် ပါဝင်ကူညီ‌ပေးခဲ့ပါသည်။