မီးဘေးသင့် အိမ်ထောင်စုများအားမြန်မာနိုင်ငံကြက်ခြေနီအသင်းက အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့

  14/ Mar/ 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထောင်စု (၇)စုအတွက် လိုအပ်မည့် အသုံးအဆောင်ပစ္စည်းများဖြစ်သည့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ရေပုံးများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ရခိုင်ပြည်နယ်ကြက်‌ခြေနီသူနာပြုတပ်ဖွဲ့ မှူး ဦးမြင့်ထွေး၊ စစ်တွေမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှူး ဦးကျော်နိုင်ဦးတို့ ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက မတ်လ (၁၄) ရက်က သွားရောက် ပေးအပ်ခဲ့ကြသည်။