မီးလောင်မှုကြောင့် ထိခိုက်ခံစားရသူများအား ကြက်ခြေနီက ကူညီထောက်ပံ့

  19/ Mar/ 2022

ညောင်လေးပင်၊ မတ်လ (၁၉)ရက်။
၂၀၂၂ခုနှစ် မတ်လ(၁၇)ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၊ ပင်းတလဲကျောင်းကွေ့တွင် ဆီဘောက်ဆာကားတစ်စီးတိမ်းမှောက်မီးလောင်ရာမှ အနီးရှိ အိမ်များအား မီးကူးစက်လောင်ကျွမ်းပြီး အိမ်ထောင်စု(၇)စု ထိခိုက်ခံစားခဲ့ရသဖြင့် မတ်လ(၁၈)ရက်နေ့တွင် ညောင်လေးပင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသွားရောက်ကာ တစ်အိမ်ထောင်လျှင် မိသားစုသုံးပစ္စည်း(၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ စီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။