မီးလောင်မှုဖြစ်ပွားမှုကြောင့် ထိခိုက်ခံစားရသည့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ကူညီ

  15/ Feb/ 2022

အင်းစိန်၊ ဖေဖော်ဝါရီလ (၁၅)ရက်။
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ပိတောက်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၁၅)လုံး မီးဘေးသင့်ခဲ့သဖြင့် အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။
ထိုသို့ကူညီရာတွင် ထိခိုက်ခံစားရသည့် အိမ်ထောင်စုများအတွက် မိသားစုသုံးပစ္စည်း(၁၅)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၅)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၅)စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း (၁၅)စုံတို့ကို ပေးအပ်ခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများကို ပြုလုပ်ပေးခဲ့ကြပါသည်။