မီးလောင်မှုဖြစ်ပွားရာ၌ ထိခိုက်ဒဏ်ရာရသူများအား ကြက်ခြေနီကရှေးဦးပြုစုပေး

  01/ Apr/ 2021

၂၀၂၁ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ နံနက်ပိုင်းကမန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသောပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များကို ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုစောင့်ရှောက်မှုများ ပေးခဲ့ကြပါသည်။
ထို့အတူ အဆိုပါနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်တွင်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးငြိမ်းသတ်စဉ်ထိခိုက်ဒဏ်ရာရသည့် မီးသတ်တပ်ဖွဲ့ဝင်များအား လှိုင်မြို့နယ်ကြက်‌ေခြနီတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုစောင့်ရှောက်မှုများ ပေးခဲ့ကြပါသည်။