မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်တွင် COVID19 ဗိုင်းရပ်စ်အသိပညာပေးဆွေးနွေးပွဲပြုလုပ်

  14/ Feb/ 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းပြုလုပ်သည့် COVID-19 ဗိုင်းရပ်စ် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ အသင်းဌာနချုပ်၊ စုဝေးခန်းမတွင်ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲကိုပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုးက COVID19 ဗိုင်းရပ်စ်နှင့် ပတ်သက်သော သိကောင်းစရာများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအင်ကြင်းအောင်နှင့် လက်ထောက်ဆရာဝန် ဒေါက်တာထက်လင်းတို့က စနစ်တကျ လက်ဆေးနည်းကို သရုပ်ပြသရာ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာသန်းနိုင်စိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအင်ကြင်းအောင်နှင့် လက်ထောက်ဆရာဝန် ဒေါက်တာထက်လင်း၊ အသင်းဌာန အသီးသီးမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီလူငယ်ခေါင်းဆောင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါသည်။

Credit to : လူမှုကရုဏာလုပ်ငန်းဆိုင်ရပြန်ကြားဆက်သွယ်ရေးဌာန
#MRCS #COVID19 #Protection #HealthCare