မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် Beiersdorf Myanmar မှ အလှူငွေနှင့် ပစ္စည်းများလှူဒါန်းပွဲသို့တက်ရောက်

  18/ Aug/ 2020

ရန်ကုန်၊ ဩဂုတ် ၁၈

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျှက်ရှိသော COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် Beiersdorf Myanmar မှ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းပွဲကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး Beiersdorf Myanmar မှ Marketing Manager ဖြစ်သူ Ms.Nikki Seelen က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြော ကြားပါသည်။

ထို့နောက် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက်အလှူငွေ ၄,၈၄၀,၀၁၄ိ/- ( လေးဆယ့်ရှစ်သိန်းလေးသောင်းတစ်ဆယ့်လေးကျပ်)၊ ၁၇,၀၀၀,၀၀၀ိ/တန်ဘိုးရှိ Survival Bags – ၁၀၀၀ အိတ်နှင့် ၇၁,၂၈၀,၀၀၀ိ/တန်ဘိုးရှိ Nivea Creme Tin – ၄၀,၀၀၀ ဘူးတို့ကိုပေးအပ်လှူဒါန်းရာ အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

အဆိုပါ လှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးတို့ တက်ရောက်ခဲ့ပြီး Beiersdorf Myanmar မှ Marketing Manager နှင့်အတူ ဒေါက်တာသက်နွယ်အုန်း(Business Development Manager)၊ ဦးတိုးအောင်ဝင်း(Key Account Manager)နှင့် ဒေါ်ဇူလိုင်ဝသုန် (Assistant HR Manager)တို့လည်းတက်ရောက်ခဲ့ကြပါသည်။