မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန မှ ရန်ပုံငွေမြှင့်တင်ခြင်းနှင့် ဝင်ငွေတိုးလုပ်ငန်းဆိုင်ရာသင်တန်း ဖွင့်လှစ်

  16/ May/ 2022

ရန်ကုန်၊ မေလ(၁၆)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန မှ ဖွင့်လှစ်သော ရန်ပုံငွေမြှင့်တင်ခြင်းနှင့် ဝင်ငွေတိုးလုပ်ငန်းဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ်၊ မေလ(၁၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ လူမှုကရုဏာဆိုင်ရာပညာရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
အခမ်းအနားသို့ အသင်းဌာနချုပ် အချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ဒေါက်တာဦးတင်ညွန့်နှငိ့ ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ၊ ရခိုင်ပြည်နယ်စီမံချက်များ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာနနှင့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းတွင် အရင်းအမြစ်စုစည်းအသုံးချရေးဌာနမှူးက ရန်ပုံငွေမြှင့်တင်ခြင်းဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါသင်တန်းအား မေလ(၁၆)ရက်မှ (၁၇)ရက်အထိ (၂)ရက်တာ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။