မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် Norwegian Red Cross’ 42. General Assemblyသို့တက်ရောက်

  09/ Oct/ 2023

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် အောက်တိုဘာလ(၅)ရက်နေ့မှ အောက်တိုဘာလ(၈)ရက်နေ့အထိ ကျင်းပခဲ့သော Norwegian Red Cross’ 42. General Assembly သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌပါမောက္ခဒေါက်တာမျိုးညွန့်တက်ရောက်ခဲ့ပါသည်။

ညီလာခံအကြိုနေ့ အောက်တိုဘာလ(၄)ရက်နေ့တွင် အသင်းဥက္ကဌသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုယ်စား နိုင်ငံတကာနှင့်ချိတ်ဆက်နိုင်ရေးအတွက် နိုင်ငံတကာမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာအသင်း၏ ဆောင်ရွက်ချက်များကို ဝေမျှခဲ့ပြီး နော်ဝေနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

ထို့အတူ International Programs and Preparedness Director ဖြစ်သူ Mr. Jorgen Haldorsen နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကိုဆွေးနွေးခဲ့ပါသည်။

ညီလာခံအတွင်း ကမ္ဘာလုံးဆိုင်ရာကြက်ခြေနီလှုပ်ရှားမှုများကို ဆွေးနွေးခြင်း၊ လုပ်ငန်းစဉ်များကို တင်ပြခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အရေးပေါ်တုန့်ပြန်ရေး သိုလှောင်ရုံကိုလေ့လာခဲ့ပါသည်။

ထို့အပြင် Ministry of Foreign Affair (MFA) NorCross Humanitarian ဌာနခွဲ ကိုယ်စားလှယ်များနှင့် အစည်းအဝေး၏ Panel Discussion တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ Ethiopia Red Cross Society ဥက္ကဌ နှင့် Sudanese Red Cresent Society  အထွေထွေအတွင်း
ရေးမှူးတို့က ပါဝင်ဆွေးနွေးခဲ့ရာတွင် အသင်းဥက္ကဌက မြန်မာနိုင်ငံတွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များ၊ MFA အထောက်အပံ့အသုံးပြုမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် အရေးကြီးသောအချက်များကို အဓိကထား ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကာလများအတွင်း အသင်းဥက္ကဌသည် နိုင်ငံတကာမှ ကိုယ်စားလှယ်များနှင့်အတူ ကြက်ခြေနီလှုပ်ရှားမှုများ ဆွေးနွေးရာတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်စပ် အကြောင်းအရာများ ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။