မြန်မာနိုင်ငံကြက်ခြေနီအသင်းက မင်းတပ်မြို့နယ်ရှိ အကူညီလိုအပ်ဆုံးသော ရပ်ရွာလူထုများအတွက် လူသားချင်းစာနာမှုအကူအညီများပေးအပ်

  26/ Mar/ 2024

တကယ်လိုအပ်တဲ့နေရာကရပ်ရွာလူထုထံ ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်ဖို့အတွက် ကျွန်ုပ်တို့မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြက်ခြေနီအခြေခံမူတွေနဲ့အညီအစဥ်အမြဲ ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။
 
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဘောင်ထဲကျေးရွာ၊ ဘော(၃)ရွာ၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ မက်သဒစ် ဘုရားကျောင်း၊ စိချဲ့ဘုရားကျောင်း၊ ရွှေနှလုံးတော်ဘုရားကျောင်းတို့တွင် ရောက်ရှိနေသော အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စု (၁၁၅)စုအတွက် လိုအပ်နေတဲ့အသုံးအဆောင်ပစ္စည်းတွေကို ပြီးခဲ့တဲ့ မတ်လ(၂၁)ရက်နေ့က အဆိုပါအိမ်ထောင်စု များထံ လက်ဝယ်အရောက် အသင်းဌာနချုပ်မှ တာဝန်ရှိသူများနဲ့ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များက ဆက်လက်ထောက်ပံ့ ကူညီပေးခဲ့ပါတယ်။
 
ထောက်ပံ့ကူညီရာမှာ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း (၁၁၁)အိတ်၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်း (၁၁၀)အိတ်၊ ကလေးမီးဖွားသန့်စင်သုံးပစ္စည်း (၁၀)အိတ်၊ ကလေးများအတွက်စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးခြင်း အိတ်(၅၆) အိတ်၊ မွေးကင်းစကလေးသုံးပစ္စည်း(၄၀) အိတ်၊ ကလေးဝတ်အင်္ကျီထုပ်(၆၀)ထုပ်၊ ခြင်ထောင်(၁၁၅)၊ စောင်(၁၁၅) ထည်၊ တာပေါ်လင်(၈၃)စ၊ ဆီ(၁လီတာဘူး)(၂၃၀)ဘူး၊ ဆား(၁၁၅)ထုပ်၊ ငါးခြောက်အထုပ်ငယ်(၁၁၅)ထုပ်၊ ပဲ(၁၅၅)ထုပ် တို့ကိုထောက်ပံ့ကူညီခဲ့တာဖြစ်ပါတယ်။
 
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မင်းတပ်မြို့နယ်အတွင်း မတ်လ(၂၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ အိမ်ထောင်စုပေါင်း(၂၈၃)စုမှ လူဦးရေ(၁၂၆၆)ဦးအတွက် ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်။ ဒီလိုကူညီခဲ့တာက လိုအပ်ချက်တွေအတွက် အပြည့်အဝမဟုတ်သည့်တိုင် သူတို့အတွက်များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင်အကူအညီလိုအပ်တဲ့နေရာတွေအထိအကူအညီတွေ ဆက်လက်ပေးနိုင်ဖို့ကိုလည်း စီစဥ်ဆောင်ရွက်လျက်ရှိပါတယ်။