မြိတ်တွင် ဖျားနာအခမဲ့ဆေးခန်း၌ ကြက်ခြေနီ ကူညီဆောင်ရွက်

  10/ May/ 2021

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြိတ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြိတ်မြို့မှ ဖွင့်လှစ်သော ဖျားနာအခမဲ့ဆေးခန်းတွင် ဆေးခန်းပြသသူများကို COVID -19ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြသနိုင်ရန် ၂၀၂၁ခုနှစ်၊ မေလ(၁၀)ရက်နေ့မှစပြီး ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။