မြေပြို၍ နေအိမ်ပျက်စီးသွားသော အိမ်ထောင်စုအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကူညီ

  29/ Aug/ 2022

မန်တုံ၊ ဩဂုတ်လ (၂၉) ရက်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန်တုံမြို့နယ်၊ မော်လုံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းကာ မြေပြို၍ နေအိမ်ပျက်စီးသွားသော အိမ်ထောင်စုတစ်စုအား မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးကာ အိမ်ဆောက်အထောက်အကူပြုပစ္စည်း (၁)စုံ၊ မိသားစုသုံးပစ္စည်း (၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)စုံ၊ မီးဖိုချောင်သုံးပစ္စည်း (၁)စုံ၊ Jellycan (၁)ပုံးတို့ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့က ထောက်ပံ့ပေးခဲ့ပါသည်။