မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား၊ သွေးလှူဒါန်းပွဲနှင့် မြို့နယ်အသီးသီးတွင်လည်း အထိမ်းအမှတ်အခမ်းအနားများ၊ပြပွဲ၊ပြိုင်ပွဲများ ပြုလုပ်ကျင်းပ

  11/ May/ 2022

မွန်၊ မေလ (၉)ရက်။
၂၀၂၂ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို မေလ(၈)ရက်နေ့၊နံနက်(၈း၀၀)နာရီအချိန်တွင် မော်လမြိုင်သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သွေးလှူဒါန်းပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင်အမှုဆောင် ဒေါက်တာတိုးတိုးအောင်၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဒေါ်ခင်လေးသိင်္ဂါ နှင့် ကော်မတီဝင်များ၊ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယပြည်နယ်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ သထုံခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒုတိယခရိုင်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်များမှ မြို့နယ်တပ်ဖွဲ့မှူးများ၊ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးများနှင့် တပ်ဖွဲ့ဝင်များ၊ စေတနာသွေးသန့် သွေးလှူရှင် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကာ သွေးများ လှူဒါန်းခဲ့ကြပါသည်။နံနက်(၉း၀၀)အချိန်တွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး ခန်းမတွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ကြပါသည်။
ကျိုက္ခမီမြို့တွင်လည်း ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျိုက္ခမီမြို့ကြက်ခြေနီအသင်းခွဲရုံးတွင် ပြုလုပ်ကျင်းပခဲ့ပြီး ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပါသည်။
သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်များတွင်လည်း ၂၀၂၂ခုနှစ်၊ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ မြို့နယ်ကြက်ခြေနီအသင်းခွဲသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ပေါက်ကွဲစေတတ်သောပစ္စည်းများအန္တရာယ် အသိပညာပေး အစီအစဉ်အနေဖြင့် ပြခန်းများခင်းကျင်းပြသခြင်း နှင့် အသိပညာပေး မေးခွန်းများ အမေးအဖြေများ ပြုလုပ်ကာ လာရောက်ကြသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။