ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

  04/ Jun/ 2022

စမ်းချောင်း၊ ဇွန်လ (၄)ရက် ။
၂၀၂၂ခုနှစ်၊ ဇွန်လ (၄)ရက်နေ့၊ ည(၉)နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်း၊ Novotel ဟိုတယ်အနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး
အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် စမ်းချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှစေတနာလုပ်အားရှင်များ သွားရောက်ကာ ရှေးဦးပြုစုပေးခဲ့ပြီး ပရဟိတအသင်းများဖြင့်ပူးပေါင်းကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။