ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအား ကြက်ခြေနီက ကူညီ

  16/ May/ 2022

ညောင်တုန်း၊ မေလ (၁၆)ရက်။
၂၀၂၂ခုနှစ်၊ မေလ(၁၃)ရက်နေ့က ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင် ၃၆အနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ညောင်တုန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးခဲ့ပြီး ညောင်တုန်းဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။