ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီက ကူညီ

  03/ Jun/ 2022

နေပြည်တော်၊ ဇွန်လ (၃)ရက်။
၂၀၂၂ခုနှစ်၊ ဇွန်လ (၂)ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုး‌ေစွ- အောင်သပြေ ရွာဆက်လမ်းပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားတစ်ဦးအား ဥတ္တရသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက ရှေးဦးပြုစု၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။