“ရပ်ရွာလူထုကို တစ်ဖက်တစ်လမ်းက ကူညီပေးမယ်လို့ အတွေးပေါက်ပြီး ကြက်ခြေနီထဲ ဝင်ဖြစ်တာပါ"

“ရပ်ရွာလူထုကို တစ်ဖက်တစ်လမ်းက ကူညီပေးမယ်လို့ အတွေးပေါက်ပြီး ကြက်ခြေနီထဲ ဝင်ဖြစ်တာပါ”
     ကျွန်တော်က ဦးမြင့်သိန်းထွန်းပါ။ စစ်ကိုင်းခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးပါ။ ကြက်ခြေနီထဲကို ဝင်ဖြစ်ခဲ့ပုံက ၁၉၈၁ ခုနှစ်မှာ ကျောင်းကြက်ခြေနီစဖွဲ့တော့ “ရပ်ရွာလူထုကို တစ်ဖက်တစ်လမ်းက ကူညီပေးမယ်လို့ အတွေးပေါက်ပြီး ကြက်ခြေနီထဲ ဝင်ဖြစ်တာပါ”
     ကျွန်တော့်ရဲ့ အများအကျိုးကူညီဆောင်ရွက်လိုစိတ်ကြောင့်ပဲ (၃၀) နှစ်ပြည့်ဂုဏ်ထူးဆောင် ဆုကိုရရှိခဲ့တဲ့အတွက် အတိုင်းမသိဂုဏ်ယူဝမ်းသာမိပါတယ်။ ယခုဆိုရင်တော့ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းတွေကို ကူညီဆောင်ရွက်လာတာ (၄၁) နှစ်ရှိပါပြီ။
     ကျွန်တော်ကူညီပေးခဲ့တာတွေက ရပ်ရွာလူထုကျန်းမာရေးကောင်းမွန်စေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ ဆင်ခြေထောက်ရောဂါကာကွယ်ရေး၊ ရပ်ရွာသန့်ရှင်းသာယာရေးနှင့် သဘာဝဘေးအန္တရာယ်များ၊ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးများတွင် ရှေ့တန်းမှ ကူညီဆောင်ရွက်ခဲ့ပြီး COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်လျှက်ရှိပါတယ်။
     ကျွန်တော်ကူညီဆောင်ရွက်ပြီးတိုင်း ရပ်ရွာလူထုက ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောတိုင်း အတိုင်းမသိဝမ်းသာပါတယ်။ ရပ်ရွာလူထုကလည်း ကျွန်တော်တို့ကြက်ခြေနီတွေရဲ့ အကူအညီကို လိုအပ်ရင် ဆက်သွယ်အကူညီတောင်းကြပါလို့ ပြောချင်ပါတယ်။