ရေနံချောင်းမြို့နယ် ရုံးဆိပ်တောင်ကျေးရွာတွင် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်လှစ်

  26/ Sep/ 2022

ရေနံချောင်း၊ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်။
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ရုံးဆိပ်တောင်ကျေးရွာ ထေရာဂုဏ်ရည် စာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းကို စက်တင်ဘာလ(၂၄)ရက်နေ့မှ စက်တင်ဘာလ(၂၆)ရက်နေ့အထိ အဆိုပါကျေးရွာ၌ ပြုလုပ်လျက်ရှိပါသည်။
(၃)ရက်တာ ပြုလုပ်လျက်ရှိသည့် သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုခြင်း သိကောင်းစရာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိပြီး သင်တန်းသို့ သင်တန်းသား၊ သူ(၅၂)ဦး တက်ရောက်လျက်ရှိပါသည်။