ရွှေဘိုတွင် မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီ ထောက်ပံ့ကူညီ

  04/ Apr/ 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ကော့ကျေးရွာ၌ ၂၀၂၁ခုနှစ်၊ ဧပြီလ(၄)ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ခံစားရသော အိမ်ထောင်စု(၉)စု၊ လူဦးရေ (၃၁)ဦးတို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထောက်ပံ့သော မိသားစုသုံးပစ္စည်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို ရွှေဘိုခရိုင်ကြက်‌ေခြနီကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကြက်‌ေခြနီအသင်းခွဲ အမှုဆောင်များနှင့် မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ကျော်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၇)ဦးတို့က ဧပြီလ(၆)ရက်နေ့တွင် သွားရောက်‌ထောက်ပံ့ပေးအပ်ခဲ့ကြသည်။