ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ နေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်

  01/ Aug/ 2022

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဩဂုတ်လ (၃) ရက်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်နေသူများအတွက် လူမှုကရုဏာ အကူအညီများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ စဉ်ဆက်မပြတ်အကူအညီများ ပေးအပ်လျက်ရှိရာ ယခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီး၊ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်းနှင့် ရပ်စောက်မြို့နယ်များသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာအိမ်ထောင်စု (၁,၀၀၀) စုတို့အတွက် MPT Telecommunication company ၏ အထောက်အပံ့ဖြင့် အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို သွားရောက် ဖြန့်ဝေခဲ့ပါသည်။ အဆိုပါမြို့နယ်များရှိ နေရပ်စွန့်ခွာအိမ်ထောင်စု (၁,၀၀၀)စုတို့အတွက် စောင် (၁,၀၀၀) ထည်၊ မိုးကာအင်္ကျီ (၁,၀၅၀) ထည်၊ စားသုံးဆီ (၂,၁၉၄) ဗူး၊ ခေါက်ဆွဲခြောက် (၂,၀၀၀) ထုပ်နှင့် အသားဗူး (၂,၀၀၀) ဗူးတို့ကို အသင်းဌာနချုပ်မှ ဝန်ထမ်းများ၊ ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် MPT မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါသည်။