ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်း သင်တန်း ဖွင့်လှစ်

  01/ Sep/ 2020

တောင်ကြီး၊ စက်တင်ဘာ ၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်းသင်တန်းဖွင့်ပွဲ ကို စက်တင်ဘာလ ၁ ရက်နေ့က တောင်ကြီးမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အဝတ်နှာခေါင်းစည်းချုပ်လုပ်ခြင်းသင်တန်း(ပထမအသုတ်)သို့ သင်တန်းသူ ၅ ဦးတက်ရောက်ကြမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယခုသင်တန်းမှ ချုပ်လုပ်သည့် အဝတ်နှာခေါင်းစည်း များကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။