လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

  03/ Apr/ 2021

“ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်နေ့ကစပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အသင်းခွဲရုံးမှာ “ Emergency First Aids &Community Based Clinic “ ကိုဖွင့်ထားပါတယ်။
ကလေးအထူးကုဆရာဝန်တစ်ဦးအပါအဝင် ရာသက်ပန်အသင်းဝင်ဆရာဝန်တွေက ကူညီဆောင်ရွက်‌ပေးနေကြတာဖြစ်ပြီး နေ့စဉ်နံနက်(၉)နာရီကနေ နေ့လည်(၁၂)နာရီအထိ ပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။
အသင်းခွဲက လူနာတင်ယာဉ်များကို အသုံးပြုပြီး အရေးပေါ်ရှေးဦးပြုစုစောင့်ရှောက်ပေးခြင်းများကို ဆောင်ရွက်ပေးပြီး လိုအပ်ပါက ဆေးရုံကို ဆက်လက် ညွှန်းပို့‌ပေးတာတွေကို မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းအောင်မိုးကပြောပါတယ်။