လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

  02/ Apr/ 2021

“ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေပေါ်မှာ ကျွန်တော်တို့ တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲ အနေနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၂၅ ဦးက ဖေဖော်ဝါရီလ (၄) ရက်နေ့ကနေ ယနေ့အချိန်ထိ နေ့ညမပြတ် ပြည်သူများအတွက် လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှု အကူအညီများကို ကူညီပေးလျှက်ရှိပြီး အမြဲ အသင့်အနေအထား ရှိနေပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ရှေးဦးပြုစုပေးတယ်၊ လိုအပ်ပါက ကြက်ခြေနီလူနာတင်ယာဉ်နဲ့ ဆေးရုံဆေးခန်းတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကြက်ခြေနီစေတနာလုပ်အားရှင်များအနေနဲ့ လုပ်ဆောင်မှုတိုင်းမှာ ကြက်ခြေနီအခြေခံမူ (၇) ချက်နဲ့အညီ လိုက်နာဆောင်ရွက် ပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လတွေ အတွင်းမှာ ကျွန်တော်တို့ မြို့နယ်ကြက်ခြေနီအသင်းခွဲ အနေနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း (၂၄၀) ကျော်ကို လိုအပ်တဲ့ အကူအညီများ ပေးနိုင်ခဲ့ပါတယ်… ”