လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

  09/ May/ 2021

အရေးပေါ်အခြေအနေတစ်ခုဖြစ်လာရင် အခြေခံရှေးဦးပြုစုနည်းဟာ လူ့အသက်တွေကိုကယ်တင်နိုင်ပါတယ်။ အထူးသဖြင့်ဆေးရုံတွေ (သို့မဟုတ်) ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာတွေနဲ့ ဝေးကွာတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လပိုင်းတုန်းက ဘူးသီးတောင်မြို့က မြို့နယ်ကြက်ခြေနီအသင်းခွဲနဲ့အတူ ရှေးဦးပြုစုနည်းသင်တန်းနှစ်ခုကို ကြက်ခြေနီ၀န်ထမ်းတွေ၊ စေတနာလုပ်အားရှင်တွေနဲ့ ဘူးသီးတောင်မြို့နယ်က တိုက်ပွဲရှောင်စခန်းတွေမှာနေထိုင်တဲ့ ရပ်ရွာကိုယ်စားလှယ်အယောက် ၂၀အပါအ၀င် စုစုပေါင်း လူအယောက် ၄၀အတွက် သင်တန်းပို့ချပေးနိုင်ခဲ့ပါတယ်။ ရပ်ရွာကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးကျော်က သူသင်ယူခဲ့ရတဲ့ ဗဟုသုတအသစ်တွေကို သူ့ရပ်ရွာလူထုတွေကို ပြန်လည်ဝေမျှပေးဖို့ စိတ်အားထက်သန်နေပါတယ်။ “ဒီသင်တန်းမှာအရမ်းပျော်ပြီး ကြက်ခြေနီအဖွဲ့ဆီက သင်ယူခွင့်ရတဲ့အတွက် ပျော်မိပါတယ်။ ကျွန်တော်တို့ရွာကလူတွေကို တစ်ချိန်မှာ ကျွန်တော်ပြန်ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပတ်တီးစည်းပေးတာတို့၊ သွေးတိတ်အောင်လုပ်ပေးတာတို့ ၊ ကျိုးနေတဲ့ လက်ကိုမလှုပ်ရှားစေဖို့ထိန်းပေးတာတို့ကို ကူညီပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒီရှေးဦးပြုစုနည်းသင်တန်းဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်” လို့ သုံးရက်တာသင်တန်းပြီးတဲ့အခါမှာ သူကပြောပါတယ်။ ရှေးဦးပြုစုနည်းသင်တန်းတွေဟာ ရပ်ရွာလူထုအတွက် မိမိတို့နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ရဲ့ လက်တွဲလုပ်ဆောင်နေတဲ့ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရှေ့လတွေမှာ နောက်ထပ်သင်တန်းတွေကို ထပ်မံပို့ချပေးဖို့စီစဉ်ထားပါတယ်။