လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

  15/ May/ 2021

ဒီနေ့ မေလ(၁၅)ရက်နေ့မှာ လူနာနှစ်ဦးကိုအသင်းခွဲက လူနာတင်ယာဉ်(၂)စီးနဲ့ သွားရောက်ပြီး ကူညီပေးခဲ့တယ်လို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်​ခြေနီအသင်းခွဲကနေ သိရပါတယ်။
မြောက်ဥက္ကလာပဆေးရုံက‌ေန သံလျင်ချမ်းမြေ့မေတ္တာဆေးရုံသို့ ပေါင်ရိုးကျိုး လူနာတစ်ဦးနဲ့ ခြေသလုံးရိုးကျိုး လူနာတစ်ဦးတို့ကို ‌ကူညီပြီးပို့ပေးခဲ့ကြတာ ဖြစ်ပါတယ်။
အကူအညီလိုအပ်ခဲ့ရင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး(၀၉ ၂၅၇ ၁၀၈ ၈၈၉)ကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။