လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

  28/ Jan/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေမြို့နယ်တွေက နေရပ်စွန့်ခွာစခန်းတွေမှာ စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုတွေနဲ့အတူ အသုံးအဆောင်ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးနေကြပါတယ်။
ဇန်နဝါရီလ (၂၅)ရက်နဲ့ (၂၆)ရက်နေ့တွေမှာ တောင်ကြီး၊ ညောင်ရွှေ၊ ဆီဆိုင်မြို့တွေက နေရပ်စွန့်ခွာစခန်းတွေကို သွားရောက်ကူညီပေးခဲ့ကြပြီး ဇန်နဝါရီလ(၂၇)ရက်နေ့မှာ ပင်လောင်းမြို့နယ်နဲ့ဆီဆိုင်မြို့နယ်တွေက နေရပ်စွန့်ခွာစခန်းတွေမှာ အိမ်ထောင်စု (၁၁၀ စု) အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ(အရေးပေါ်) (၁၉၉)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၁၇)စုံ၊ နှာခေါင်းစည်း(၁၀၁)ဗူး၊ လက်သန့်စင်ဆေးရည် (၁၄၂၉)ဗူး၊ စောင် (၉၁)ထည်၊ ခြင်ထောင် (၉၂)လုံး၊ ရေချိုးဆပ်ပြာ (၆၉)ခု ကို ထပ်မံသွားရောက်ထောက်ပံ့ပေးခဲ့ကြပါတယ်။
ဒီဇင်ဘာလနှောင်းပိုင်းကတည်းက ကယားပြည်နယ်က နေရပ်စွန့်ခွာပြည်သူတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းကို ရောက်ရှိလာကြတာဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့အတူ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက လိုအပ်တဲ့အကူအညီအထောက်အပံ့တွေကို ဆက်တိုက်ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။