လူနာများကို ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်

  21/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြိုနယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် (၄၅)ရပ်ကွက်မှ သတိမေ့လူနာတစ်ဦး၊ (၃၇)ရပ်ကွက်မှ လေဖြန်းလူနာတစ်ဦး၊ (၄၆)ရပ်ကွက်မှ လေဖြန်းလူနာတစ်ဦးကိုဆေးရုံသို့လည်းကောင်း၊ “ Emergency First Aids &Community Based Clinic “ တွင်လာရောက်ပြသည့်လူနာများအနက် ဆေးရုံသို့ညွှန်းပို့ရန်လိုသည့်လူနာများကို အသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်‌ခြင်းကို လည်းကောင်း ကူညီဆောင်ရွက်‌ေပးခဲ့ကြသည်။