လှိုင်မြို့နယ် ကိုဗစ်-၁၉ရောဂါကုသရေးစင်တာတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များပြန်လည်ထွက်ခွာ

  04/ Jan/ 2021

ရန်ကုန်၊ ဇန်နဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါကုသရေးစင်တာတွင် ရောဂါကာကွယ်တုန့်ပြန်ရေးလုပ်ငန်းများအား ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၁) ဦးသည် ၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် နေရပ်သို့ပြန်လည်ထွက်ခွာခဲ့ကြပါသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်တုန့်ပြန်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များအား လှိုင်တက္ကသိုလ်ကုတင်(၅၀၀) ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ တာဝန်ခံဒေါက်တာမိုးမိုးအေး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဦးတင်ထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် အဖွဲ့အစည်းဆိုင်ရာဖွံဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်တို့က ဂုဏ်ပြုနှုတ်ဆက်စကားများ ပြောကြားခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။

အဆိုပါအဖွဲ့သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ပါသည်။