လှိုင်းဘွဲ့တွင် ကြက်ခြေနီက ကိုဗစ်၁၉ရောဂါ ကာကွယ်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိ

  23/ Apr/ 2021

ကရင်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကရင်ပြည်နယ်ရှိမြို့နယ်အသီးသီးတွင် ထိခိုက်ဒဏ်ရာရရှိသူများအားရှေးဦးပြုစုပေးခြင်း၊ လူမှုကရုဏာအကူအညီလိုအပ်နေသူများအား ကူညီစောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။
လှိုင်းဘွဲ့မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်၁၉ရောဂါ ကူးစက်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့တွင်းလူအများသွားလာနေသောနေရာများနှင့် ကျေးရွာအဝင်ဂိတ်များတွင် ကိုဗစ်၁၉ရောဂါ အသိပညာပေးပိုစတာများကပ်ခြင်း၊ လက်သန့်ဆေးရည်များအသုံးပြုရန်နှင့် အပြင်ထွက်တိုင်းနှာခေါင်းစည်း အသုံးပြုကြရန်နှိုး​ဆော်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။