ဝမ်းပျက်ဝမ်းလျောလူနာတစ်ဦးကို ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

  13/ May/ 2021

၂၀၂၁ခုနှစ်၊မေလ(၁၃)ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှ ဝမ်းပျက်ဝမ်းလျော အမျိုးသမီး လူနာတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ရန် အကူအညီ တောင်းခံသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းအောင်မိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦး သွားရောက်ပြီး ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။