သတိလစ်မေ့မျောလူနာကို ဆေးရုံလွှဲပြောင်းပို့ဆောင်ရာတွင် ကြက်ခြေနီလူနာတင်ယာဉ်ဖြင့်ကူညီ

  12/ May/ 2021

၂၀၂၁ခုနှစ်၊ မေလ (၁၀)ရက်နေ့ ညနေပိုင်းကတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦးကို ကျိုက္ခမီကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ညပိုင်းတွင်လည်း ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် သတိလစ်မေ့မျောလူနာတစ်ဦးကို ချောင်းဆုံဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ပါတယ်။