သတိလစ်မေ့မြောလူနာကို ကြက်ခြေနီမှ ရှေးဦးပြုစုပြီး သတိရအောင်ပြုလုပ်ပေးနိုင်ခဲ့

  03/ May/ 2021

၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့ နံနက်အစောပိုင်းက ကျိုက္ခမီမြို့တွင် ချော်လဲပြီး ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာရရှိကာ သတိလစ်မေ့မြော နေတဲ့ အမျိုးသမီးလူနာတစ်ဦးကို ကျိုက္ခမီတိုက်နယ်ဆေးရုံမှ သံဖြူဇရပ်မြို့နယ်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ရာမှာ ကျိုက္ခမီကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးကအသင်းခွဲငယ်မှ လူနာတင်ယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီလိုပို့ဆောင်ရာမှာ စက်စဲလမ်းဝ၌ လူနာကို ရှေးဦးပြုစုနည်းဖြင့် နှလုံးနှိုးဆွခြင်း တကြိမ်၊ သံဖြူဇရပ်မြို့အဝင်တွင် တကြိမ် နှလုံးနှိုးဆွခြင်း လုပ်ပေးခဲ့ရာ လူနာမှာ သတိပြန်လည်ရရှိလာခဲ့ပါတယ်။
ထို့နောက် လူနာအား စိတ်ချရသော ဘေးစောင်းအနေအထားထားကာ သံဖြူဇရပ်မြို့နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။