သဘာဝဘေးအန္တရာယ်တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများအား ကြက်ခြေနီက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်

  27/ Jun/ 2018

===

ဇွန်လ

၂၀၁၈ ခုနှစ်၊ ဇွန်လမှ စတင်ပြီး ဘင်္ဂလားပင်လယ်တွင် ဖြစ်ပွားခဲ့သည့် ရာသီဥတုအခြေအနေများကြောင့် အနောက်တောင်မုတ်သုံလေအလွန်အားကောင်း၍ နိုင်ငံအနှံ့ မိုးများရွာသွန်းပြီး တိုင်းဒေကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီး/ရေလျှံမှုများနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ရေကြီး/ရေလျှံမှုများနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံတဝှမ်းရှိ ဘေးအန္တရာယ် ထိခိုက် ခံစားရသော ရပ်ရွာလူထုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၂ ဦးတို့က မြစ်ရေကြီးခြင်း သတိပေးချက် များ ဖြန့်ဝေပေးခြင်းနှင့် ရေဝင်သည့် နေအိမ်များမှ မိသားစုများကို နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် တောင်ကုန်းများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ခြင်း
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရေဘေးသင့်ပြည်သူများအား မိသားစုသုံးပစ္စည်းများ (Household Kit) ၂၈ စုံ ထောက်ပံ့ံပေးခဲ့ခြင်း
ရခိုင်ပြည်နယ် အမ်းမြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက အမ်း- မအီကားလမ်း၍ အခက် အခဲတွေ့နေသည့် ခရီးသည်များကို လှေဖြင့် ကမ်းကူး ပေးခဲ့ခြင်း
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရေဘေးသင့်ပြည်သူ များကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ခြင်း
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့တွင် ထူးကြီး-မဲဇလီကုန်း ကားလမ်းရေကျော်ခြင်းကြောင့် သွားလာရ ခက်ခဲနေသည့် ပြည်သူများအား ကူညီပေးခဲ့ခြင်း
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် ရေဘေးသင့်ပြည်သူများအား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း (Hygiene Kit)၊ မီးဖိုချောင်သုံးပစ္စည်း (Kitchen Set)၊ တာပေါ်လင်၊ အဆောက်အဦသုံးပစ္စည်း (Shelter Tools Kit)၊ ကြိုးနှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့ ပေးခဲ့ခြင်း
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင် ကမ်းပြိုသွားသော အိမ်ထောင်စုများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ခြင်း
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် မင်းဘူး-စကုလမ်း ကံမလမ်းပိုင်း ကားလမ်းရေကျော်၍ အချိန် ကြာမြင့်စွာ ပိတ်မိနေသော ခရီးသည်များအား အစားအစာများ ဖြန့်ဝေခြင်းနှင့် ရေကျော်လမ်းများ ဖြတ်ကျော်ရာတွင် ကူညီပေးခဲ့ခြင်း
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင် ၃၀ ဦးတို့သည် မြေပြို၍ အိမ်များကို ကူညီရွှေ့ပြောင်းပေးခဲ့ဲခြင်း
ရှမ်းပြည်နယ် သီပေါမြို့တွင် ရေဘေးသင့်ပြည်သူများအတွက် ရှေးဦးပြုစုခြင်း သေတ္တာ (First Aid Kit)၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit & Hygiene Parcel)၊ အဆောက်အဦသုံးပစ္စည်း (Shelter Tools Kit)များ ထောက်ပံ့ပေးခဲ့ခြင်း စသည်တို့ ဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုအတွက် ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်ရေး လုပ်ငန်းများကို ရပ်ရွာလူုထုနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

Credit:>>> MRCS EOC