သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူမှုကရုဏာလုပ်ငန်းများဆောင်ရွက်လုပ်ကိုင်လျှက်ရှိ

  08/ May/ 2021

၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၅) ဦးတို့သည် မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးတွင် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း၊ ကျန်းမာရေးချို့တဲ့သူများအား လိုအပ်သည့် ဆန်နှင့်ငွေကြေးထောက်ပံ့ခြင်း၊ ထိခိုက်ဒဏ်ရာရသူ တစ်ဦးအား ရှေးဦးပြုစုပေးကာ ကြက်ခြေနီအသင်းခွဲပိုင်ယာဉ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ပြီး ဆေးကုသစရိတ် (ငွေကျပ် ၅၅၀၀၀ိ/ ) လှူဒါန်းပေးခြင်း၊ စစ်ဘေးရှောင်စခန်းတွင် ယာယီလူနေဆောင်များ ကူညီဆောက်လုပ်ပေးခြင်း၊ အိမ်သာများစနစ်တကျဖြစ်စေရေးအတွက် အမိုးအကာများထောက်ပံ့ပေးခြင်း၊ Covid – 19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း စသော လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြပါသည်။