သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်လုပ်ငန်းများ နေရာအနှံ့ ကြက်ခြေနီဆောင်ရွက်

  03/ Jun/ 2022

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ သက်ဆိုင်ရာဒေသအလိုက် ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၂၂ခုနှစ်၊ မေလ (၃၀)ရက်နေ့ က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ ၊ အမှတ်(၂)ရပ်ကွက် နဲ့ (၃)ရပ်ကွက်များမှာ သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် အသိပညာပေးခြင်းနဲ့ ရပ်ကွက်များအတွင်းရှိ ရေတွင်း၊ရေကန်များ အဘိတ်ဆေးခပ်ခြင်းကို သံတောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲ မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက လုပ်ဆောင်ခဲ့ကြပါတယ်။
မေလ (၂၈)ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ၊ ဖုံး/သွန်/လဲ/စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခပ်ခြင်းနဲ့ ခြင်ဆေးဖြန်းခြင်းများကို ထားဝယ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ခဲ့ပါတယ်။