သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကြက်ခြေနီများက ပါဝင်ကူညီလျက်ရှိ

  04/ Jun/ 2022

ထားဝယ်၊ ၂၀၂၂ခုနှစ်၊ ဇွန်လ(၄)ရက်။
သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်များတွင် ပြည်နယ်၊ တိုင်းဒေသကြီးများမှကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပါသည်။
ဇွန်လ(၄)ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ဆောင်ရွက်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လူထုအသိပညာမြှင့်တင်ခြင်းအစီအစဥ်တွင် ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် များသည် ရပ်ကွက်များအတွင်း အသိပညာပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဆေးဖျန်းခြင်းများကို ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်။