သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ကြက်ခြေနီက ကူညီဆောင်ရွက်

  01/ Jun/ 2022

စစ်ကိုင်း၊ ၂၀၂၂ခုနှစ်၊ ဇွန်လ(၁)ရက်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြိုင် နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၆)ဦးတို့သည် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် မြို့ပေါ်ရှိ အမက ကျောင်း (၅)ကျောင်းတွင် ဆေးဖြန်းခြင်း၊ ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေကန်များ ဆေးခပ်ခြင်းတို့ကို ဇွန်လ(၁)ရက်နေ့က ပြုလုပ်ခဲ့ကြပါသည်။