သွေးအန်သည့်လူနာကို ရှေးဦးပြုစုပြီး လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီ

  21/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့ ညပိုင်းတွင် မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက်မှ နာမကျန်းအမျိုးသားတစ်ဦး သွေးအန်သဖြင့် လူနာတင်ယာဉ် အကူအညီတောင်းခံရာ လှိုင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှ လူနာတင်ယာဉ်ဖြင့် ရောက်ရှိသည့်အချိန်တွင် လိုအပ်သည့် အပူချိန်တိုင်းတာခြင်း ၊ လူနာဆန်းစစ်ခြင်း နှင့် ရှေးဦးပြုစုခြင်းများပြုလုပ်ပြီး နေအိမ်မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။