ဟင်္သာတတွင် တာကျိုးသဖြင့် ပြည်သူများရေဘေးလွတ်ရာသို့ ရွေ့ပြောင်းရာတွင် ကြက်ခြေနီမှ ပါဝင်ကူညီ

  04/ Aug/ 2020

ဟင်္သာတ၊ သြဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အိပ်ပျက်ကျေးရွာအုပ်စု၊ ခြင်ဘို့ကျေးရွာအုပ်စုတို့ရှိ ဖောင်ဆိပ်၊ ဌက်ပျောတော၊ သဲရိုး၊ တာငုတ်ကျေးရွာများတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ
ဖြစ်ပေါ်နေခဲ့သည့်အတွက် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ကာ လူနေအိမ်များကို ဘေးလွတ်ရာသို့ရွေ့ပြောင်းရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၂၀ ဦးတို့ကဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပါသည်။ ဇူလိုင်လ ၁၅ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ အိမ်ထောင်စု (၉၂)စု၊ လူဦးရေမှာ (၃၂၈)ဦးတို့ကို ပြောင်းရွေ့ပေးခဲ့ပြီးဖြစ်သည်။
သြဂုတ်လ ၄ ရက်နေ့ နံနက် ၉း၃၀ နာရီ ဝန်းကျင်တွင် ဦးမိုးလေးတာမှာ ပေ ၂၀ ခန့်ကျိုးပျက်ခဲ့ရာ နေအိမ်
များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ခဲ့သဖြင့် အိမ်ထောင်စု (၃၈) စု၊ လူဦးရေ (၁၂၇) ဦးနှင့် ပစ္စည်းများ အား ရေဘေးလွတ်ရာသို့ ပြောင်းရွေ့ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။