ဟားခါးတွင် မီးဘေးသင့်အိမ်ထောင်စုအား ကြက်ခြေနီက ကူညီထောက်ပံ့

  23/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံးမီးဘေးသင့်ခဲ့ရသဖြင့် ချင်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးကျုံဟူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ သွားရောက်ကာ မီးဘေးသင့်အိမ်ထောင်စုအား မိသားစုသုံးပစ္စည်း (၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ တို့ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ ဆောင်ရွက်ခဲ့ကြသည်။