အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့မှုများပြုလုပ်

  15/ Aug/ 2020

တာချီလိတ်၊ ဩဂုတ် ၁၅

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုးကုတ်ဓမ္မရိတ်သာတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေသည့် မြန်မာနိုင်ငံသားများအား ထောက်ပံ့မှုများပြုလုပ်ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ကဆောင်ရွက်ခဲ့သည်။

မိုးကုတ်ဓမ္မရိပ်သာတွင်ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ နေရပ်ပြန်ပြည်သူ ကျား၇၈ဦး၊မ၃၃ဦး စုစုပေါင်း ၁၁၁ဦးအား ခြင်ထောင်၊ စောင်၊အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများထောက်ပံ့ခြင်း၊ COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်းများကို တာချီလိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဘမိုးမြင့်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဦးဉာဏ်မြင့်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စော၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၅ရက်နေ့က ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။