အင်းစိန်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းများ

  18/ Mar/ 2022

အင်းစိန်မြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ မြို့နယ်အတွင်းမှာလူမှုကရုဏာအကူအညီတွေကို အကောင်းဆုံးဖြစ်ဖို့ ကြိုးစားအားထုတ်နေကြပါတယ်။ ၂၄နာရီလူနာတင်ယာဉ်ဝန်ဆောင်မှုတွေကစပြီး အသေးစားထိခိုက်ဒဏ်ရာရရှိမှုတွေအထိ မည်သည့်အခြေအနေမှာမဆို ရပ်ရွာလူထု ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ကူညီပေးနေကြပါတယ်။ မတ်လအတွင်းမှာ မတော်တဆမှုများနှင့် ရောဂါဝေဒနာခံစားရသူတွေကို ဆေးရုံဆေးခန်းအချိန်မီပို့ဆောင်ပေးဖို့အတွက် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးမှုများစွာပြုလုပ်ခဲ့ပါတယ်။
မတ်လ(၁၆)ရက်နေ့က မြို့သစ်(က+ခ)ရပ်ကွက်မှ အာရုံကြောအားနည်းသူလူနာအမျိုးသမီးတစ်ဦးအား လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့လည်းကောင်း၊ မတ်လ(၁၅)ရက်နေ့က တောင်သူကုန်းရပ်ကွက်မှ ဒူးခေါင်းရိုးကျိုးလူနာတစ်ဦးအား သီရိစန္ဒာဆေးရုံသို့လည်းကောင်း၊ အင်းစိန်ဆေးရုံမှ အစာအိမ်ကင်ဆာလူနာတစ်ဦးအား ဗဟိုအမျိုးသမီးဆေးရုံသို့လည်းကောင်း ထိုမှတစ်ဆင့် နေအိမ်သို့လည်းကောင်း၊ မတ်လ (၁၄)ရက်နေ့က စော်ဘွားကြီးကုန်းရပ်ကွက်မှ သွေးဝမ်းသွားလူနာတစ်ဦးအား အင်းစိန်ဆေးရုံသို့လည်းကောင်း ထိုမှတစ်ဆင့် မြောက်ဥက္ကလာဆေးရုံသို့လည်းကောင်း၊ ပန်းလှိုင်ဆေးရုံမှ ဆေးရုံဆင်းလူနာတစ်ဦးအား တာမွေနေအိမ်သို့လည်းကောင်း၊ မတ်လ(၁၃)ရက်နေ့က မြို့သစ် (က+ခ)ရပ်ကွက်မှ အစာအိမ်ကင်ဆာအမျိုးသမီးတစ်ဦးအား အင်းစိန်ဆေးရုံသို့လည်းကောင်း၊ မတ်လ(၁၁)ရက်နေ့က မြောက်ဥက္ကလာဆေးရုံမှ ဦးနှောက်သွေးကြောပေါက်သူအမျိုးသမီးတစ်ဦးအား ရွှေပြည်သာကောင်းစုအောင်ဆေးရုံသို့လည်းကောင်း၊ မတ်လ(၁၀)ရက်နေ့က ဈေးကုန်းအရှေ့ရပ်ကွက်မှ ဆီးချိုရောဂါသည်အမျိုးသားတစ်ဦးအား အင်းစိန်ဆေးရုံသို့လည်းကောင်း၊ မတ်လ(၈)ရက်နေ့က တောင်သူကုန်းရပ်ကွက်မှ ချော်လဲ၍ဒူးခေါင်းထိခိုက်သူလူနာတစ်ဦးအား သီရိစန္ဒာဆေးရုံသို့လည်းကောင်း၊ မတ်လ(၇)ရက်နေ့က ပေါက်တောရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်တွင် ဆိုင်ကယ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအား အရေးပေါ်ရှေးဦးပြုစုပေးပြီး အင်းစိန်ဆေးရုံသို့လည်းကောင်း၊ မတ်လ(၇)ရက်နေ့က မြို့သစ်(က+ခ)ရပ်ကွက် ပိတောက်လမ်းမှ အစာအိမ်ကင်ဆာရောဂါသည် အမျိုးသမီးတစ်ဦးအား ရန်ကုန်ဆေးရုံကြီးသို့လည်းကောင်း၊ မတ်လ(၇)ရက်နေ့က စော်ဘွားကြီးကုန်းရပ်ကွက်မှ ဗိုက်အောင့်လူနာအမျိုးသမီးတစ်ဦးအား ဖြူစင်သုခဆေးခန်းသို့လည်းကောင်း၊ မတ်လ(၃)ရက်နေ့က အောင်ဆန်းရပ်ကွက်မှ အဖျားကြီးလူနာအမျိုးသမီးတစ်ဦးအား အင်းစိန်ဆေးရုံသို့လည်းကောင်း၊ မတ်လ(၁)ရက်နေ့က ကမ်းနားအနောက်ရပ်ကွက်မှ အဖျားတက် ကလေးတစ်ဦးအား ရန်ကင်းကလေးဆေးရုံသို့လည်းကောင်း၊ အောင်ဆန်းရပ်ကွက်မှ မတော်တဆဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးတစ်ဦးအား အင်းစိန်ဆေးရုံသို့လည်းကောင်း၊ ရွာမအနောက်ရပ်ကွက်မှ ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားတစ်ဦးအား အရေးပေါ်ရှေးဦးပြုစုပေးပြီး အင်းစိန်ဆေးရုံသို့လည်းကောင်း အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါတယ်။
ထိုသို့ လူနာတင်ယာဉ်ဝန်ဆောင်မှုမှာ ၂၄နာရီ ကူညီပေးခြင်းဖြစ်ပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် အခကြေးငွေမယူဘဲ လူမှုကရုဏာလုပ်ငန်းအား တတ်စွမ်းသရွေ့ဆောင်ရွက်ပေးနေကြခြင်းဖြစ်ပါတယ်။