အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်ရာမှ ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံများသို့ ပို့ဆောင်ရာတွင် ကြက်ခြေနီက ပါဝင်ကူညီ

  11/ May/ 2022

ဖြူး၊ ၂၀၂၂ခုနှစ်၊ မေလ(၁၁)ရက်။
ရန်ကုန်-နေပြည်တော် အမြန်လမ်း(၁၂၈)မိုင်(၂/၃)ဖာလုံကြားတွင် မေလ(၁၁)ရက်နေ့ နံနက်ပိုင်းက မော်တော်ယာဉ်(၁)စီးတိမ်းမှောက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူ(၅)ဦးအား ဖြူးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရန်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်ကုသမှုခံယူရန် လူနာများညွှန်းပို့ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (၁၁၅)မိုင် ရှေးဦးပြုစုခြင်းစခန်းနှင့် ဖြူးမြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လူမှုရေအသင်းအဖွဲ့များနှင့်အတူ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြပါသည်။