အရေးပေါ်ဆေးကုသရန်လိုအပ်သည့် လူနာများကို ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်

  03/ May/ 2021

၂၀၂၁ခုနှစ်၊ မေလ(၂)ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် သစ်ပင်ပေါ်မှပြုတ်ကျသည့် လူနာတစ်ဦးအား အရေးပေါ်ဆေးကုသမှုခံယူရန် ကျိုက္မမီတိုက်နယ်ဆေးရုံမှ သံဖြူဇရပ်မြို့နယ်ဆေးရုံ ထိုမှတစ်ဆင့် မော်လမြိုင်ဆေးရုံသို့ ကြက်ခြေနီလူနာတင်
ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါတယ်။
အလားတူ ကွမ်သတ်ကျေးရွာမှ ဝမ်းဗိုက်အောင့် အမျိုးသားလူနာတစ်ဦးအား သံဖြူဇရပ်ဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါတယ်။
ထို့အပြင် မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်က သတိလစ်မေ့မျောနေတဲ့ အမျိုးသားလူနာတစ်ဦးအား ရှေးဦးပြုစုပေးပြီး မော်လမြိုင်ဆေးရုံသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲပိုင် လူနာတင်ယာဉ်ဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ပို့ဆောင်ပေးခဲ့ပါတယ်။
မေလ(၃)ရက်နေ့တွင်လည်း ကျိုက်မရောမြို့၌ ထိခိုက်ဒဏ်ရာရရှိသော အမျိုးသမီးလူနာတစ်ဦးနှင့် အမျိုးသားလူနာတစ်ဦးတို့ကို အရေးပေါ်ဆေးကုသမှုခံယူရန် မော်လမြိုင်ဆေးရုံသို့ အသင်းခွဲပိုင်လူနာတင်ယာဥ်ဖြင့် ကြက်
ခြေနီစေတနာလုပ်အားရှင်များက ပို့ဆောင်ပေးခဲ့ကြပါတယ်။