အရေးပေါ်မီးဖွားမည့် ကိုယ်ဝန်ဆောင်အား ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

  28/ Sep/ 2021

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်နေ့ ည (၁၀)နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်မှ ကိုယ်ဝန်​ဆောင်အမျိုးသမီးတစ်ဦး အရေးပေါ် မီးဖွားရန်လိုအပ်သဖြင့် သုံးခွမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက အသင်းခွဲပိုင်လူနာတင်ယာဥ်ဖြင့် သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြပါသည်။