အရေးပေါ်သွေးလိုအပ်နေသည့် လူနာများအတွက် ဝါးခယ်မမြို့နယ် ကြက်ခြေနီက သွေးလှူဒါန်း

  02/ Jun/ 2022

၂၀၂၂ခုနှစ်၊ ဇွန်လ (၂)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာတစ်ဦးအတွက် အရေးပေါ်လိုအပ်သော ‘B’ သွေးတစ်လုံးကို ဝါးခယ်မမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးက လှူဒါန်းပေးခဲ့ပါသည်။
ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် အရေးပေါ်သွေးလိုအပ်သော လူနာများအတွက် ကိုယ်တိုင်သွေးလှူဒါန်းခြင်းများ အပြင် လိုအပ်သော သွေးအတွက် သွေးလှူရှင်များ ရှာဖွေပေးခြင်းကို လုပ်ဆောင်လျက်ရှိပါသည်။