အရေးပေါ်သွေးလိုအပ်နေသူအား ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးက သွေးလှူဒါန်းပေး

  11/ May/ 2022

ကျောက်တော်၊ မေလ (၁၁) ရက်။
၂၀၂၂ ခုနှစ်၊ မေလ (၁၁) ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာမှ အသက် (၄၇) နှစ်အရွယ် အမျိုးသားတစ်ဦး အရေးပေါ် သွေးလိုအပ်နေသဖြင့် မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ဦးခိုင်စိုးမင်းက (B) သွေးတစ်လုံးလှူဒါန်းခဲ့ပါသည်။ ယခုသွေးလှူဒါန်းမှုသည် (၁၀) ကြိမ်မြောက်သွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရပါသည်။