အလှူရှင်များလှူဒါန်းထားသည့် COVID-19ရောဂါကာကွယ်ရေး ပစ္စည်းများအား ကြက်ခြေနီမှ ဆက်လက်ဖြန့်ဝေလျှက်ရှိ

  07/ Jul/ 2020

ရန်ကုန်၊ ဇူလိုင် ၇

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဆောင်ရွက်လျှက်ရှိသော COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်တွင်း/ပြည်ပမှအလှူရှင်များ လှူဒါန်းထားသည့် ရောဂါကာကွယ်ရေးပစ္စည်း
များအား ပြည်နယ်/တိုင်း ဒေသကြီးရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများသို့ စဥ်ဆက်မပြတ်ဆက်လက်ဖြန့်ဝေပေးပို့လျှက်ရှိပါသည်။
၂၀၂၀ပြည်နှစ်၊ ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ဦးဝင်းဆန်းဦး
Operation Manager (COVID-19 ရောဂါကာကွယ်ရေးနှင့်တုန့်ပြန်ရေး ) နှင့်တာဝန်ရှိသူများသည် အလှူရှင်များလှူဒါန်းထားသည့် COVID-19ရောဂါကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများဖြစ်သော ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ (Surgical Mask) ၊ N 95 Mask၊ မျက်နှာကာ (Face Shield)၊ PPE ၊ လက်သန့်စင်ဆေးရည် (Hand Gel)၊ လက်ကိုင်
စကားပြောစက် (Hand Speaker)၊ မျက်မှန် (Goggle)၊ Sprayer၊ Apron အစရှိသည်တို့ကို ပဲခူးတိုင်းဒေသကြီးရှိ သာယာဝတီ၊ အုတ်ဖို၊ မင်းလှ၊ မိုးညို၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်းမြို့နယ်များမှ ကြက်ခြေနီအသင်းခွဲများသို့ သွားရောက်ပေးပို့ဖြန့်ဝေခဲ့ပါသည်။